Articles (kawl lai)

This category contains 17 posts

PATHIAN OMPUINA (Emmanuel)

By Rev. Dr. Cin Khua Zam (Yuzana, Yangon) Pathian ompuina ci thu bulphu a, 2010 kum, Yuzana Sizang Innkuante kum sawm cin lungdam vawt in, ka thuhilna hi a, a kuama po tha nga mama ung hong ci ciang, a taangzai zaw tu lametna taw kong at ahi hi.

Hesuakna hang in ngupna kinga

ခရစ်ယာန်ယုံကြည်သူတိုင်း ကျေးဇူးတော် (grace) ဆိုတဲ့ အသုံးအနှုံးကို နေ့တိုင်းနီးပါး ကြားလေ့၊ သုံးလေ့ ရှိကြပါတယ်။ ကျေးဇူးတော် သက်သက်ကြောင့် နေကောင်း ပါတယ်၊ ကျေးဇူးတော်သက်သက်ကြောင့် အောင်မြင်ခြင်း အခွင့် ရပါတယ်….စသဖြင့်ပေါ့…. နောက်ပိုင်း သုံးဖန်များ လာတော့ ကျေးဇူးတော် ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်၊ စစ်မှန်တဲ့ အဓိပ္ပါယ်ဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှ တိမ်ကောလု မတတ်၊ ပျောက်ကွယ် လုနီးနီးဖြစ်လာတတ်ပါတယ်။ တစ်ခါတုံးက ကျမ်းစာကျောင်းတစ်ခုရဲ့ စာချ ပုဂ္ဂိုလ် ပရော်ဖက်ဆာဆရာကြီး တစ်ပါးက ကျောင်းသားတွေကို ကျေးဇူးတော် (grace) နဲ့ပါတ်သက်ပြီး ဘယ်လောက်အထိ နားလည်သဘောပေါက် သလဲဆိုဒါကို လက်တွေ့ကျကျစစ်ဆေးချင်တယ်။ အဲဒါနဲ့ အတန်းတင် (final) စာမေးပွဲ မှာ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဖခင်များနေ့ပေါ်ပေါက်လာပုံ

အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း ထိုနည်းတူ နေ့တစ်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်သင့်ကြောင်း စိတ်ထဲတွင် ဖြစ်ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော်သူမ၏ မိခင်သည် သူတို့မောင်နှမ ငါးယောက် ကလေးဘဝတွင်ကွယ်လွန်သွားခဲ့သည်။ သူတို့ဖခင်သည် သားသမီး ငါးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ပါသည်။

ခရစ်ယာန်ဘာသာ၏အနှစ်သာရ

PDF version for who does not have Burmese font ဤကမ္ဘာပေါ်၌ ဘာသာရေးမြောက်များစွာရှိသည်။ ဘာသာတိုင်း၌ အချက်ကြီးသုံးချက်ရှိသည်။ ၄င်းတို့မှာ (က) ယုံကြည်လက်ခံခြင်း (Doctrine) (ခ) ကိုးကွယ်ခြင်း (Rites) နှင့် (ဂ) ကျင့်ကြံခြင်း (Ethics) များဖြစ်ပါသည်။ ခရစ်ယာန်ဘာသာရေးဟူသမျှ၌ အထက်ပါအချက်များ ရှိစမြဲဖြစ်သည်။ ခရစ်ယာန်ဘာသာရေး တစ်ခုစီ၌ အထက်ပါ အချက်များအပေါ် ဦးစားပေးခြင်း မတူညီကြပါ။ တစ်ချို့သည် ယုံကြည်ခြင်း (Doctrine)၊ တစ်ချို့သည် ကိုးကွယ်ခြင်း (Rites) နှင့် တစ်ချို့သည် ကျင့်ကြံခြင်း (Ethics) တစ်ခုခု ဦးစားပေးတတ်ကြပါသည်။ သို့ရာတွင် တစ်ခုကိုမျှ ပစ်ပယ်၍မရပါ။ အထက်ပါအချက်များအနက် တစ်ခုခု မပါရှိပါက ဘာသာရေးမဟုတ်တော့ပဲ၊ စဉ်းစားဥာဏ် (ideology) … Continue reading

မိမိနှင့် အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းပါ

ယှဉ်ပြိုင်ခြင်းနှင့် အခြားသူများ လိုချင်သည့်ပုံစံအတိုင်း ဘ၀ခရီးလှမ်းခြင်း။ မနေ့က ကျွန်တော် တစ်ခု သတိပြုမိတယ်။ အဲဒါက ဘာလဲဆိုတော့ နတ်ဆိုးဟာ မိတ်ဆွေရဲ့ ဘ၀၊ အလုပ်အကိုင်၊ မိသားစုခရီးမှာ ၀မ်းမြောက်ခြင်းကို ခိုးယူဖို့ ကြိုးစားနေတာပါပဲ။ နတ်ဆိုးသုံးတဲ့ နည်းတစ်နည်းကတော့ မိတ်ဆွေရဲ့ ဘ၀၊အလုပ်အကိုင်၊ မိသားစုခရီ လုပ်ရပ်ကို အခြားသူများရဲ့ လုပ်ရပ်များနဲ့ ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးမယ်။ နောက်တစ်နည်းကတော့ အခြားသူများရဲ့ လိုချင်တဲ့ ပုံစံအတိုင်း လုပ်ဖို့ ဖျားယောင်းလိမ့်မယ်။ ဒီနည်းနှစ်နည်းလုံးဟာ နတ်ဆိုးရဲ့ သေမင်းထောင်ချောက်တွေဖြစ်ပြီး မိတ်ဆွေအတွက် ရည်ရွယ်ထားတဲ့ ဘ၀ကံတရား or (ဘုရားသခင် ကောင်းမြတ်စေခြင်း) လမ်းကြောင်းကို သွေဖည်သွားစေမဲ့ အရာများ ဖြစ်ပါတယ်။

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၄)

သူများအပြစ်မည်ကဲ့သို့ဖြေလွှတ်နိုင်မည်နည်း? မည်သည့်အတွက်ကြောင့် အပြစ်ပြုမိသည်ကို စုံစမ်းပြီး သိရန်ကြိုးစားပါ။ သူများသည် မိမိအပေါ်မှာ မကောင်းကြံစည်သည်ဟု ယူဆသောအမှုမြောက်များစွာကို အကြောင်းရင်းလေ့လာပါက အားလုံး မမှန်ကန်ပါ။ သူပြစ်မှားမိသည်ကိုပင် သတိမထားမိပါ။ အများအားဖြင့် နားလည်မလွှဲခြင်း (Mis-understanding) များဖြစ်ပြီး၊ မျက်နှာချင်ဆိုင်ဆွေးနွေးတိုင်ပင်ပါက အပြစ်မလွှတ်နိုင်ရန် မရှိပါ။ သို့ရာတွင် လူသားများသည် မျက်နှာချင်းဆိုင် ညှိနှိုင်းခြင်းမရှိ၊ ကြာလာ၍ ရင့်လာသောအခါ အပြစ်မလွှတ်နိုင်သည်အထိ ကြီးထွားလာတတ်သည်။ သို့ရာတွင် အကြောင်းရင်းကိုလေ့လာ၍ ရှင်းရှင်းလင်းလင်း သိရှိပါက တစ်ဖက်သား၏ အားနည်းချက်များကို ပေါ်လွင်ပြီး၊ အပြစ်လွှတ်ရုံသာမက သနားခြင်းစိတ်ပင်လျှင်ပေါက်ဖွါးလာမည်ဖြစ်သည်။

နိုင်ငံတော်အတွက်ပါဝင်ကြစို့

လွန်ခဲ့တဲ့ ၂၀ ရာစု၊ ဥရောပတိုက် ဆွစ်ဇာနိုင်ငံရဲ့ တောင်ပေါ်မြို့ကလေး တစ်ခုမှာ ဘုရားကျောင်း အိုလေးတစ်ခုရှိတယ်။ အိုမင်းရင့်ရော်မှုနဲ့၊ ခေါင်မိုး အုတ်ကြွတ်ပြားတွေ စီတဲ့သစ်သားပြားတွေ ဆွေးမြေ့လွန်းလို့ အုတ်ကြွတ်ပြားတွေ အခန့်မသင့်ရင် မသင့်သလို ပြုတ်ပြုတ်ကျလာတတ်တယ်။ ဒါနဲ့ ၀တ်ပြုအစည်းအဝေးပြီး ပြီးချင်း တိုင်းမှာ အထူးဆုတောင်းချိန်ကလေး တစ်ခုယူပြီး ဘုရားကျောင်းခေါင်မိုးပြင်ဖို့ Building Funds ကောက်ခံဖို့ နှင့် အမြန်ဆုံး လိုအပ်တဲ့ ငွေကြေးရနိုင်ဖို့ အဲဒီ ဘုရားကျောင်းကလေးထဲမှာဘဲ ဆုတောင်းကြတယ်။ ဆုတောင်းပြီးဒါနဲ့ ဘုရားကျောင်းခေါင်မိုးပြင်ဖို့ အလှူငွေကောက်ခံတယ်။

ဂျိုးလ်အော်စ်တင်

၁၉၉၁ ခုနှစ်တွင် ဂျိုးလ်အော်စ်တင်သည် သူ၏ ဖခင်ထံမှ Lakewood ဘုရားကျောင်း (အသင်းတော်) နှင့် ထိုအသင်းတော်၏ ရုပ်မြင်သံကြားသာသနာလုပ်ငန်းကို အမွေအဖြစ်ဖြင့်ဆက်ခံရရှိခဲ့သည်။ သူသည် ထိုအသင်း တော်နှင့် ရုပ်မြင်သံကြားသာသနာလုပ်ငန်းများကို သူ၏လက်ထက်တွင် ပိုမိုကျယ်ပြန့်အောင်ထပ်ချဲ့ပြီး ၂၀၀၄ ခုနှစ် တွင် အလွန်ရေပန်းစားခဲ့သော စာအုပ်တစ်အုပ်ကိုရေးသားပြုစုခဲ့သည့်အပြင် သူ၏နှစ်လိုဘွယ်အပြုံးမျက်နှာ ပုံနှင့် “live at your full potential” တရားတော်သည် အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။ အော်စ်တင်က “ဘုရားသခင်၏ကောင်းကြီးမင်္ဂလာနှင့် ထူးဆန်းအံ့သြဖွယ်ရာအောင်မြင်တိုးတက်မှုတို့ကို မျှော်လင့်သောသူများ ကို ဘုရားရှင်အထူးသဘောကျသည်” ဟုဆိုသည်။ အော်စ်တင်သည် ကောလိပ် သို့မဟုတ် ကျမ်းစာကျောင်းတခုခုမှ မည်သည့်ဘွဲ့ကိုမျှရရှိခဲ့ဖူးခြင်းမရှိပေ။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည်မည်သူနည်း

သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ၀ိညာဉ်တော်အကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟု တချို့သော သူတို့က မြင်တွေ့ကြသည်။ တချို့သော သူတို့က သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သော သူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊ တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်း နှင့် ပတ်သက်၍ သမ္မကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ် သည်ဟု ပြောထားပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေ ရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း (ချူချဲ)

PDF Version “I take great pride in and highly appreciate the fact that our people have overcome the ordeals of history and displayed to the full the heroic mettle of the revolutionary people and the indomitable spirit of chuch’e Korea, firmly united behind the party…. No difficulty is insurmountable nor is any fortress impregnablefor us … Continue reading

သခင်ယေရှုခရစ်တော်သည် မည်သူနည်း။?

သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ “ဘုရားသခင်တည်ရှိသလား” ဟူသော မေးခွန်းနှင့် မတူပေ။ သခင်ယေရှုခရစ်တော်သည် တည်ရှိသလောဟူသော မေးခွန်းကို လူအနည်းငယ်ကသာ မေးမြန်းတတ်ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ဣသရေလလူမျိုးများကြားထဲတွင် သခင်ယေရှုသည် ဤလောက၌ စစ်မှန်သော လူသားတစ်ဦး အဖြစ် အသက်ရှင်ခဲ့သည်ကို ငြင်းဆိုဖွယ်ရာမရှိပေ။ သခင်ယေရှု၏ ဖြစ်ခြင်းအကြောင်းကို ဆွေးနွေးတိုင်ပင်သည့်အခါတိုင်းတွင် ငြင်းခုံမှုများ ရှိတတ်ကြသည်။ တခြားသော ဘာသာကြီးတို့သည် သခင်ယေရှုကို ပရောဖက်တစ်ပါး၊ ကောင်းသော ဆရာတပါး၊ သိက္ခာရှိသော ပုဂ္ဂိုလ်တပါးဖြစ်သည်ဟု သွန်သင်တတ်ကြသည်။ သခင်ယေရှုသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး နှင့် သိက္ခာရှိသော ပုဂ္ဂိုလ်တပါးထက် သာလွန်သည်ဟု သမ္မာကျမ်းစာက ပြောခဲ့ပါသည်။

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း(မော်မွန်)

ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား နှင့်မေရီလင်းပြည်နယ် များတွင် နေထိုင်သူများအတွက် ဟိုင်းဝေးအမှတ် ၄၉၅ မြို့ပတ်လမ်းမကြီး၏ တစ်ခုသော တစ်နေရာ၊ အုပ်အုပ်ဆိုင်းဆိုင်း သစ်တောအုပ်ကလေးတစ်ခု၏ အထက်တွင် ကြီးကျယ်ခန်းနားလှသော မော်မွန်တို့၏ ဗိမ္မန်တော်ကြီးတစ်ခု ငွားငွားစွင့်စွင့်ထောင်တက်နေသည့်မြင်ကွင်းမှာ အထူးအဆန်းတော့မဟုတ်ပါ။ သို့သော်သူတို့ အခြေခံယုံကြည်ခြင်းဖြစ်သော ဘုရားသခင်သည်တချိန်တခါကလူသားဖြစ်ခြင်း၊ ယေရှုသည် ဘုရားနှင့် မယ်တော်မာရိဆက်ဆံမှုကြောင့်မွေးဖွားလာခြင်း၊ ယေရှု ဒုတိယအကြိမ် အမေရိကတိုက်ပေါ်တွင် မွေးဖွါးခဲ့ဘူးခြင်း စသော ယုံကြည်ခြင်း နှင့် ထိုဘာသာရေးနှင့်ပတ်သက်သည့် အခြားအခြားသော အရာတို့ကို သိရှိသူ အလွန်နည်းသေးသည်ဟု ထင်မိပါသည်။

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း(ဗုဒ္ဗဘာသာ)

PDF Version, Burmese font nei ngawlte atu All that we are is the result of what we have thought: it is founded on our thoughts, it is made up of our thoughts. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him.” Gautama Buddha, Dhammapada … Continue reading

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၃)

PDF Version  (Burmese font nei ngawlte atu) သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်တော်မူပါ။ ပုထုဇဉ် လူသားများအသက်ရှင်ရာ၌ ငြိမ်သက် ပျော်ရွှင်မှု ရရှိရန် အတွက် ၀လင်စွာ စားရရုံသာမဟုတ်ပဲ အချင်းချင်း ဆက်သွယ်မှု ပြေလည်မှ အသက်ရှင်ခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ ကမ္ဘာ၌ ၀လင်စွာစားသုံးနိုင်သော ထိပ်ဆုံးနိုင်ငံမှာ ဆွီဒင် နိုင်ငံဖြစ်သလို လူသတ်မှုအများဆုံးနိုင်ငံမှာလည်း ယင်းနိုင်ငံပင်ဖြစ်သည်ဟု ဆိုပါသည်။ ထမင်းဝလင်စွာ စားရရုံနှင့် လူ၏ နေ့စဉ် အသက်တာ၌ ပျော်ရွှင်မှု မပေးနိုင်ကြောင်း သိသာထင်ရှားပါသည်။ သာယာ ပျော်ရွှင်ဘွယ်ကောင်းသော ကမ္ဘာဖြစ်ပေါ်လာရန် တစ်ယောက်နှင့် တစ်ယောက် အပြစ်များကို မမှတ်မထား၊ ကလဲ့စားချေမှု မပြုပဲ ရန်မဟုတ်၊ ခွင့်လွှတ်တတ်ကြရန် လိုအပ်ပါသည်။

ဆုတောင်းခြင်းအကြောင်း (မဿဲ ၆း၅-၁၅) အပိုင်း (၂)

PDF Readers Click here မြေကြီးပေါ်၌လည်း အလိုတော်ပြည့်စုံပါစေသော ယုဒလူမျိုးများ၏ စာရေးနည်း ဟန်ဖြင့် ဖေါ်ပြပြီးသော အချက်အပေါ်ပြန်ဆိုခြင်းသာဖြစ်ပြီး “နိုင်ငံတော် တည်ထောင်ပါစေသော” အကြောင်းအရာနှင့် မထူးမခြား အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ဤကမ္ဘာ၌ လူသားများက တည်ထောင်မှဖြစ်နိုင်မည်သာ။ ဤသို့ဆိုသော် လူသားများသည် လက်ပိုက်ပြီးနေရန် ဆိုလိုခြင်းမဟုတ်ပါ။ ငါ၏လုပ်ဆောင်ချက်ဖြင့် ဤကမ္ဘာ၌ အဘယ်အရာမျှ  ဖြစ်ပေါ်လာမည်မဟုတ်၊ ဖြစ်ချင်တာဖြစ်ပါစေ ဆိုပြီး ဂရုမစိုက်ဘဲ နေရန် မဟုတ်ပါ။ အရာရာသည် တင်ကြိုသတ်မှတ်ပြီးသားဖြစ် ၍၊ ပြုပြင်နိုင်သော အခွင့် မရှိဟု ခံယူခြင်းကို (Fatalism) ဟုခေါ်သည်။

ဆုတောင်းခြင်းအကြောင်း ( မဿဲ ၆း၅-၁၅ ) အပိုင်း (၁)

PDF Readers click here ဆုတောင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှု ၀မ်းနည်းခြင်းအကြောင်းတစ်ရပ်မှာ ဘုရားသခင်က လူ့အလိုကို လိုက်စေလိုခြင်းအကြောင်းဖြစ်သည်။ အခြားဘာသာ ၀င်များသည် ဘုရားသခင်အားသူတို့အလိုကို လိုက်စေရန် သွေးဆောင်၊ ဆွဲဆောင်၊ ခြိမ်းခြောက်တတ်သည်။ ဤကဲ့သို့ လုပ်နိုင်ပါက ဘုရားသခင်သည် လူတို့၏ အလိုအတိုင်း လိုက်လျှောက်သည်ဟုယုံသည်။ သို့ရာတွင် ခရစ်ယာန်များ ကိုးကွယ်သော ဘုရားသခင်သည် လူ့အလိုကို လိုက်လျှောက်တော်မမူ၊ ဤကဲ့သို့ ကြိုးစားရန်လည်း မသင့်ဟုသွန်သင်လိုခြင်း ဖြစ်သည်။ ဘုရားသခင်အား လူ့အလိုကို လိုက်လျှောက်ရန်လည်း ဆွဲဆောင်ရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားများအတွက် အကောင်းဆုံးသိနှင့်ပြီးသားဖြစ်သည်။

နှစ်ခြင်းသမိုင်းအကျဉ်းချုပ်

နှစ်ခြင်းအသင်းတော်များ၏ သမိုင်းကို တမန်တော်များ၏ခေတ် (Apostolic age) အချိန်အခါမှ စတင်ခဲ့သည်ဟု ပြောဆိုနိုင်ပါသည်။ သို့သော် ဤသို့ပြောဆိုခြင်းသည် အလွန်ယေဘုယျဆန်လွန်းပါသည်။ အကြောင်းမှာ ခရစ်ယာန်ဂိုဏ်းဂဏတိုင်းသည်လည်း ဤကဲ့သို့ သမိုင်းကြောင်းကို ဖွင့်ဆိုနိုင်သောကြောင့်ဖြစ်ပါသည်။

Rev. Dr. Thuam Cin Khai
Rev. Dr. Vungh Lian
Siyin chin baptist church

Enter your email address to follow this blog and receive notifications of new posts by email.

Join 2,484 other subscribers

Leangna hong haw

  • 48,812 phazo

A LUITE SIM/EN KIK TAWNG