၁၉၉၁ ခုနှစ်တွင် ဂျိုးလ်အော်စ်တင်သည် သူ၏ ဖခင်ထံမှ Lakewood ဘုရားကျောင်း (အသင်းတော်) နှင့် ထိုအသင်းတော်၏ ရုပ်မြင်သံကြားသာသနာလုပ်ငန်းကို အမွေအဖြစ်ဖြင့်ဆက်ခံရရှိခဲ့သည်။ သူသည် ထိုအသင်း တော်နှင့် ရုပ်မြင်သံကြားသာသနာလုပ်ငန်းများကို သူ၏လက်ထက်တွင် ပိုမိုကျယ်ပြန့်အောင်ထပ်ချဲ့ပြီး ၂၀၀၄ ခုနှစ် တွင် အလွန်ရေပန်းစားခဲ့သော စာအုပ်တစ်အုပ်ကိုရေးသားပြုစုခဲ့သည့်အပြင် သူ၏နှစ်လိုဘွယ်အပြုံးမျက်နှာ ပုံနှင့် “live at your full potential” တရားတော်သည် အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။ အော်စ်တင်က “ဘုရားသခင်၏ကောင်းကြီးမင်္ဂလာနှင့် ထူးဆန်းအံ့သြဖွယ်ရာအောင်မြင်တိုးတက်မှုတို့ကို မျှော်လင့်သောသူများ ကို ဘုရားရှင်အထူးသဘောကျသည်” ဟုဆိုသည်။ အော်စ်တင်သည် ကောလိပ် သို့မဟုတ် ကျမ်းစာကျောင်းတခုခုမှ မည်သည့်ဘွဲ့ကိုမျှရရှိခဲ့ဖူးခြင်းမရှိပေ။